Saturday, April 13, 2013


123tagged.Com

တတ်ရဲ့သားနဲ့

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်သို့ အမေရိကန်တယောက် ကားမောင်းပြီးဝင်လာသည်။
ယာဉ်ထိန်းရဲက ကားကိုတားပြီး ပြောသည်။
ခင်ဗျား ကားကိုသတ်မှတ်မိုင်နှုန်းထက် ပိုပြီးမောင်းလာတယ်။
ဘာကြောင့်လဲဆိုတာ မြန်မာဘာသာနဲ့ ရှင်းလင်းချက်ရေးပါ။
 ကျွန်တော် မြန်မာစာမှမတတ်ပဲ ဘယ်လိုရေးရမလဲ။
ဆင်ခြေမပေးနဲ့ မြန်မာဘာသာနဲ့ ရှင်းလင်းချက်ရေး ဒါပဲ။
ကားဆရာ စိတ်ညစ်သွားသည်။မည်သို့မျှလည်း ရှင်းပြလို့ မရ။
နောက်ဆုံးတွင် အမေရိကန်သားသည် စာရွက်တရွက်ကိုထုတ်ပြီး
ဒေါ်လာ ၅၀ တန်တရွက်ကို ညုပ်ထည့်ပေးလိုက်သည်။
 ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးသည်။
ယာဉ်ထိန်းရဲ စာရွက်ကို ဖြန့်လိုက်သည်။
ငွေစက္ကူကို တွေ့သောအခါ ကားဆရာကို ပြောသည်။
မြန်မာလို ဘာလို့ မတတ်ဘူး ပြောလဲ
အခုတောင် တ၀က်ရေးပြီးနေပြီ 
ဆက်ရေး


1 comment: